Tuesday, September 27, 2022

ပေးဆပ်သူ



ပေးဆပ်သူ
✨✨✨✨

သစ်ပင်ဟာ
အရိပ်မခိုဘူး
အရိပ်ပေးတယ်

တိမ်တွေဟာ
မိုးမမျော်ဘူး
မိုးရွာပေးတယ်

မုန်တိုင်းဟာ
လေဟုန်မစီးဘူး
လေတိုက်ပေးတယ်

မြစ်တွေက
လှေမစီးဘူး
ရေစီးပေးတယ်

သူရဲကောင်းတွေက
အခွင့်အရေးမယူဘူး
အခွင့်အလမ်းတွေ
ဖန်တီးပေးတယ်



San Zuren 🌸

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...