ဗမာ့ဆိုက်ဘေးရီးယား
__________________
ဘယ်တုန်းကမှ
ကမ္ဘာဟာ ငါတို့ဘက်မှာမရှိခဲ့ဘူး
ကိုယ့်အလံကိုယ်လွှင့်
ကိုယ့်ရွက်ကိုယ်ဖွင့်
ဆန်တက်ခဲ့ရတာချည်းပဲ
စာရွက်ကိုလက်မှတ်ထိုးတဲ့လက်ဟာ
ကမ္ဘာကိုဖျက်တယ်လို့
အဲဒီကဗျာငါဖတ်ဖူးတယ်
မင်းလောင်းလည်းမမျှော်နဲ့
ကယ်တင်ရှင်လည်းအားမကိုးနဲ့
သူ့ဘဝနဲ့သူ
ကိုယ့်ဘဝနဲ့ကိုယ်
ကျည်ဆန်မှာ
နေရပ်လိပ်စာမပါဘူး
ဓားဆိုတာ
မီးနဲ့ဆေးရတာ
တရားဆိုတာ
ကိုယ်တိုင်ကျင့်ရတာ
လေ့ကျင့်ခန်းမှန်မှန်လုပ်ခဲ့ရင်တော့
အမှားနည်းတာပေါ့
ဝမ်းနည်းစရာကောင်းတာက
ကမ္ဘာကြီးဟာ သူ့သမိုင်းကိုပြန်ပြောပြမယ့်
ကဗျာဆရာတစ်ယောက်ကို
ဆုံးရှုံးလိုက်ရတာပဲ
တစ်နေ့နေ့
လက်ဝဲသုန္ဓရလို
အလက်ဇန္ဒားလို
ဇန်နစ်ဇင်လို
ဒီကောင်ပြန်မလာဘူးလို့
ဘယ်သူပြောရဲသလဲ။
-ကြည်ဇော်အေး
Collage By Poetry of Life
No comments:
Post a Comment