သူစိမ်း
~~~~~~စိုင်းဝင်းမြင့်
စိတ်ဘောင်ဘင်ခတ်ပေမယ့်
ရင်ဗလာ
ရင်ဘောင်ဘင်ခတ်ပေမယ့်
စိတ်ဗလာ။
ငါ့ကိုယ်ငါ လုပ်ကြံတယ်
ငါ့လက်ထဲက ဓားကို ငါ ပြန်လုတယ်
နှစ်ခုစလုံး လွဲတယ်။
တည့်တည့်တိုးမိသွားတာက ခပ်ညံ့ညံ့လက်ဖက်ရည်ဆိုင်
ရေနွေးကြမ်းတစ်အိုး ရတယ်
ဖက်ကြမ်းတစ်လိပ် ရတယ်
အလုပ်ကြမ်းတစ်ခု ရတယ်
အလွမ်းကြမ်းကြမ်း တစ်ခြမ်း ရတယ်။
ရင်ပြည့် စိတ်ပြည့်ပဲ
ကိုယ်နဲ့ မတော်တဲ့ မနက်ခင်း လှူတ်ခတ်နေလိုက်တာ
ငါငေးယူခဲ့ပုံကလည်း
ငါ ပြုခဲ့ဖူးတဲ့ ကုသိုလ် အကုန်ပဲ။
#စိုင်းဝင်းမြင့်
No comments:
Post a Comment