အုံ့ဆိုင်းတဲ့ တနင်္ဂနွေညနေခင်း
တစ်ခုမှာပေါ့
ကိုယ့်ဘဝထဲသူဖြတ်သန်းသွားပုံကြီး
ကြေကွဲရ ။
သစ္စာတရားကို ဖက်တွယ်လိုက်တဲ့
ငနဲတစ်ယောက်ရဲ့ ကျဆုံးခန်းပေါ့ ။
လိမ်ညာဖို့စကားလုံးတွေ
အများကြီးရွတ်ဆိုတတ်ပေမယ့်
အကောင်းဆုံးကို မရွေးချယ်တတ်တဲ့
ကိုယ့်အပြစ်ပါ ။
ဆက်ထိုင်နေရကောင်းမလား
စဉ်းစားရင်း ထရပ်မိ
ထွက်သွားရကောင်းမလား
စဉ်းစားရင်းပြန်ထိုင် ။
ဪ… မစိမ်းမြ…မစိမ်းမြ
အချောမသတ်ရသေးတဲ့
ဒုက္ခကြမ်းရှရှကြီးကိုရှ
ကိုယ့်ရင်ခွင်ထဲ
ပစ်ထားခဲ့ရက်လေခြင်းနော် ။
ခံစားပြနေတာမဟုတ်ဘူးကွဲ့
ထင်ရာကို မစိုင်းရဲလို့
သည်အတိုင်းပဲ ဆက်ထိုင်နေရတယ် ။ ။
-ပိုင်စိုးဝေ
No comments:
Post a Comment