Sunday, September 25, 2022

"အနာဂတ်တွေ သယ်လာတယ်"


"အနာဂတ်တွေ သယ်လာတယ်"


အိမ်က
ထွက်လာတော့
ကျောပိုးအိတ်ထဲမှာ
ခံယူချက်ရယ်
နှလုံးသားရယ်
သစ္စာတရားရယ်

လမ်းခရီးမှာ
ချစ်ခြင်းမေတ္တာကို
မိတ်ဆွေဖွဲ့တယ်
ရန်ငါ ပြတ်တယ်
မတရားတာကို
တရားနဲ့ တော်လှန်တယ်

အိမ်ကိုပြန်တဲ့အခါ
ခေတ်ကြီးတခုလုံး
သူ့နောက်ပါလာတယ်
အနာဂတ်တွေ
သယ်လာတယ်



San Zuren 🌸

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...