Monday, September 5, 2022

စောက်ဘဝကြီး တစ်ခုလုံးရင်းပြီး ညိမ့်ခဲ့တဲ့ ခေါင်းတွေကိုပဲ စိတ်နာမိပါတယ်။
ဘဝကို ပုံဖော်ဖို့အချိန် မရှိဘူး။
ဟာသကို ရီဖို့အချိန် မရှိဘူး။
မော ရင် နားဖို့အချိန်မရှိဘူး။
ဝမ်းနည်းရင် ငိုဖို့အချိန်မရှိဘူး။
တစ်ခုခုဆို ခုန်ထွက်ပစ်လိုက်လို့ မရတော့ဘူး။
ကြိုးကို ကိုယ်တိုင်ယက် ကိုယ်တိုင်ချည်ပြီး ကိုယ်တိုင်ဟာ ဒဏ်ရာလုပ်စက်ပဲ။
ချစ်ခင်မြတ်နိုးခံရမှုနဲ့ နဲနဲမှ မပတ်သက်ခဲ့ဘူး။
ငါ့ကိုနင်းပြီး ငါ့ကိုမသတီတဲ့လူတွေကို ငါရီမှာ။
ငါ့လက်ကိုကိုင်ထားပြီး ငါ့တန်ဖိုးကိုလာဖြတ်နေတဲ့ လူတွေကို ငါရီမှာ။
ငါ့ကို ပိတ်လှောင်ထားပြီး ငါ့ကို စမ်းသပ်နေတဲ့လူတွေကို ငါရီမှာ။
မင်းသိလား။
လူတွေက သူတို့ကိုယ်တိုင်မပေးနိုင်တာတွေကိုလည်း 
ခပ်တည်တည်နဲ့ ငါ့ဆီက လာလာတောင်းတယ်။
ဟာသပဲ။       

-အလ်နီ

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...