Saturday, September 17, 2022

အငွေ့ပျံနေ့ရက်များ

အငွေ့ပျံနေ့ရက်များ

အာခိမိဒိ သီအိုရီဟာ
သွားတစ်ချောင်းအဖြစ် ရောက်ရှိလာတယ်။
ရေချိန်လွတ်နေတဲ့ စားပွဲခုံတစ်ခုံ ခုန်လို့။
အလွန်တရာ အရသာရှိခဲ့တာက
မျှော်လင့်နေရတာ မှန်သမျှပေါ့။
ချစ်လှစွာသော လောကဓံတရားရေ
ဖြစ်ချင်တိုင်း မဖြစ်ရတာကိုပဲ ချစ်နေရပါတယ်။
အသက်ရှူသံတွေထဲမှာ ပန်းပွင့်တွေရှိတယ် 
အသက်ရှူသံဟာ ပန်းပွင့်ဖြစ်တယ် 
ဆူးရှိ
အရသာ ချဥ်စူးစူး
အစေးလည်း ထွက်
ကျီးပေါင်းတက်နေတဲ့ အိပ်မက်တစ်ခု
အသက်ရှူသံပန်းပွင့်ထဲမှာ ရှိနေလေရဲ့ ။

-မောင်ချောနွယ်

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...