Monday, August 8, 2022



အများကြီးမလိုဘူး
အပိုတွေမပြောဘူး
အရင်လူနဲ့ အရင်နှစ်တွေတုန်းကလောက်ပဲ
ပြန်ပေးခဲ့။

သေချာတာကတော့ ဘယ်ဆုတောင်းမှ
အပြည့်မရတဲ့ဘဝမှာ
ဘာတွေကိုမှထပ်တောင်းဆိုမနေဘူး
နှစ်သစ် မှာအကောင်းတိုင်းပြန်မရရင်တောင်
အဟောင်းထဲက အကောင်းဆုံးနှစ်တွေလောက်ပဲ
ပြန်လိုချင်တယ် ။

ငွေမပါဘဲကိုယ်ချမ်းသာရတာကိုပဲလိုချင်တယ်
အပေါ်ယံမပါတဲ့ စိတ်ချမ်းသာမှုကိုရချင်တယ်
အရေခွံမပါတဲ့လူ့အနှစ်တချို့လောက်ပဲ
ပြန်လိုချင်ပါတယ်။

ဒါလိုချင်တပ်မက်မှုအကုန်ပါပဲ ။

#LuAh

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...