ကောင်းကင်မှာပျံသန်းနေသည်
စာသင်အံတွေကိုသွေးနဲ့ပက်ပစ်တဲ့
လေယာဥ်ပျံတွေကိုမုန်းတယ်
တို့ပြည်တော်ရဲ့ရင်သွေးငယ်တွေကို
မျက်ရည်မိုးတွေရွာသွန်းစေတဲ့
လေယာဥ်ပျံတွေကိုမုန်းတယ်
ဗုံးခိုကျင်းနဲ့ကလေးတွေဟာ မလိုက်ဖက်ဘူး
ကျည်ဆံကို ကျောင်းစာသင်ခန်းနဲ့မရောပါနဲ့
တူတူပုန်းတမ်းနဲ့ထုတ်စည်းထိုးတမ်းက
အချည်အနှောင်ကင်းရပါမယ်
လေယာဥ်ပျံတွေကိုမုန်းတယ်
ဟက်စ်စကီးတွေကိုမုန်းတယ်
ဟယ်လီကော်ပတော်တာတွေကိုမုန်းတယ်
သတိရတဲ့သူတွေဆီဖြတ်သန်းချင်တဲ့အခါဘဲ
လေယာဥ်ပျံဖြစ်ချင်တယ်
ကမ္ဘာကြီးကိုငုံ့ကြည့်ချင်တဲ့အခါဘဲ
လေယာဥ်ပျံဖြစ်ချင်တယ်
သဘာဝကိုနှုတ်ဆက်ချင်တဲ့အခါဘဲ
လေယာဥ်ပျံဖြစ်ချင်တယ်
ကောင်းကင်မှာပျံသန်းနေတဲ့
လေယာဥ်ပျံဟာ လူတွေကိုကူညီတဲ့
လေယာဥ်ပျံအစစ်အမှန်ဘဲဖြစ်ပေးပါ
-ကျွန်တော်
C4T Program ပြုလုပ်ခြင်းသည် တနင်္သာရီဒေသအတွင်းရှိ Local PDF Heroesများ၊CDM Heroesများ၊ စစ်ဘေးရှောင်များအတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ပါသည်။
Subscribe to:
Post Comments (Atom)
လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...
-
ပုံအောရမယ့်ပွဲ ဖြတ်သန်းဖူးတဲ့သူတိုင်း သိကြတဲ့ စစ်အာဏာရှင်လက်အောက်က တက္ကသိုလ်ထိ ပညာရေး ဟာ လောက်လောက်လားလား မယ်မယ်ရရ တန်းမဝင်တဲ့ အချိန်ကုန် ပည...
-
ဂရေ့စ် သေတဲ့သူက တစ်ခါပဲသေတယ် ရှင်သန်သူကတော့ သတိရတိုင်းသေဆုံးနေရတယ် (ဒါမှမဟုတ်လည်း) သတိရရင်း ရှင်သန်နေရတယ်။ ဒီနှစ်ပိုင်းတွေမှာ ငါ့ခေါင်းကိုသူ...
No comments:
Post a Comment