Friday, August 5, 2022

တော်လှန်သော relashionship 
```````````````````````````````````````````

"လွမ်းလိုက်တာ" တဲ့ 
ရန်သူကို သေမယ့်လမ်းပို့တဲ့သူလည်း 
ချစ်သူလေးကို သေမတတ်လွမ်းတတ်တယ် ။ 

အရင်က 
ချစ်သူလက်ကလေးကို နူးနူးညံ့ညံ့ကိုင်ဖူးတဲ့သူ 
အလွမ်းတွေ 
သွေးစွန်းလက်နဲ့ ပွေ့ယူခဲ့မယ်ဆိုတော့ 
ရန်ဖြစ်တာ မကြိုက်တတ်တဲ့သူမ 
ရန်သူ့သွေးမှ ခြေဆေးပါ့မယ်တဲ့ ။ 

အိပ်မက်တွေအတူမက်တတ်တဲ့သူ 
မျှော်လင့်ချက်တွေ ခိုးယူခံရတော့ 
ကိုယ်က သေနတ်ကိုင်တဲ့အခါ 
သူမ,ဟာ Clicker တစ်ယောက်အဖြစ် 
အမှန်တရားအတွက် အတူစစ်မျက်နှာဖွင့်ကြတယ် ။ 

လောကဓံကို အတူဖြတ်ကျော်နိုင်ဖို့ 
အာဏာရှင်ဟာ လေ့ကျင့်ရေးကွင်းကောင်းပဲ 
မောင်းခလုတ်ဆွဲရတဲ့အခါ 
သူမ,အတွက် အားပိုထည့်ပါတဲ့ 
အရင်က တီတီတာတာချွဲတတ်သူလေး 
အခု တော်လှန်သွေးတွေ အပြည့်နဲ့ ။ 

ဖုန်းချလို့နှုတ်ဆက်တဲ့အခါ 
အရေးတော်ပုံ အောင်မှာပါ တဲ့ 
ဖုန်းပေါ်က နမ်းတဲ့အနမ်းတွေ 
တော်လှန်စိတ်နဲ့ ချိုမြိန်နေပါရဲ့ 
သံယောဇဥ်ကို အဓမ္မဟာမယှဉ်နိုင်ခဲ့ပါဘူး ။ ။ 

BETA

6 comments:

  1. Clickers တွေလဲ ချစ်တတ်ပါတယ်

    ReplyDelete
  2. မတရားမှု့မှန်သမျှကို စိတ်ရောကိုယ်ရောငွေကြေးရောဆန့ကျင်တဲ့အထဲကိုယ်လဲပါတယ်။ပါဝင်ပေးနေတဲ့တစ်တစ်ယောက်စီတိုင်းကိုလဲလေးစားတယ်။

    ReplyDelete
  3. ပုံမှန် ကလစ်

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...