Tuesday, August 9, 2022

ဂန္တဝင်မမ - ၁

ဂန္တဝင်မမ - ၁

မမရေ . . .
မမရေ . . .
မမရေ . . .
ကျွန်တော့်ကို တံခါးဖွင့်ပေးပါ ။
သွေးရူးသွေးတန်း
ကိန်းဂဏန်းတွေ ကိုင်မြှောက်ပြ
အကြိမ်တစ်ရာရှိပါပြီ
မဟာစကြဝဠာတစ်ခုလုံး
နပိုလီယံကလွဲပြီး လူသားအားလုံး
စစ်ကိုမုန်းသလို သဘောတူကြတယ်
ဟုတ်တယ်၊ ဒါဖျားနေသူရဲ့ အသံပါပဲ ။

အိုး
ငါဖျားနေတာ
နွေသုံးခု၊ မိုးသုံးခု
ဆောင်းသုံးခု
ဒုမဲ့ဒြပ်မဲ့ လက်ပတ်နာရီ
လူနာခုတင်ပေါ် အိပ်ရာပြင်
ပညာရှိများကို ကန့်ကွက်ရဲ့
အသက်ရှင်ခြင်းဆိုတာ ရင်ခုန်တာပဲ
ဘယ်သူငြင်းမလဲဟေ့
ဘယ်သူငြင်းမလဲ ။

ဆရာဝန် ညွှန်ကြားချက်မှာ
လက်ဖက်ရည်တစ်ခွက်ပေးပါ
ဒူးယားတစ်လိပ် ပေးပါ
မမ ကျွန်တော့်ကို ချစ်ပါ
ဒီကောင် လက်နက်ချရမယ်တဲ့ ။

-အောင်ချိမ့်

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...