#၈၈၈၈
ဒီနေ့မှာပေါ့
ကျည်ဆံရာဗရပွနဲ့အတိတ်က
ကျုပ်တို့ကို
ဒီနေ့ထိအိပ်မက်ပေးတုန်း။
အမာရွတ်တွေကမြည်ကြွေးလို့။
ရဲရဲတောက်မျက်ဝန်းမှာ
အံကြိတ်သံတွေနဲ့ပြည့်လို့။
ဒီနေ့ပေါ့
အနာဂတ်ကို လက်ဆင့်ကမ်းရင်း
တရားမျှတမှုအတွက်
လွပ်လပ်ခွင့်အတွက်
အာဏာရှင်တွေကို မုန်းတီးတတ်ဖို့အတွက်
မြင်းခွာတချက်စာမကဘူး
သွေးနှလုံးသားနဲ့
ခြေရာတခုချသွားတယ်။
"အရေးတော်ပုံ အောင်ပါစေတဲ့"...။
#ကိုနန္ဒမိုး
Click.
ReplyDelete