မျှော်လင့်ခြင်းပြတင်းပေါက်
............
အိပ်မက်တွေက
မိုးစို စုတ်ပြဲ အထပ်လိုက်ကွာကျ....။
(၁)
ဝါသနာကိုမြေမြုပ်ကြရင်း
နိုင်ငံတစ်ပါးမှအမြစ်တွယ်
စောင့်လေမျိုးနွယ်ကို မေ့ထား
ထမင်းစားဖို့ရထားစီးရန်....။
(၂)
ဟုတ်တာပဲလုပ်လုပ်
မဟုတ်တာပဲလုပ်လုပ်
နာမည်ကြီးအောင်လုပ်
လူပိုသနားတယ်
လူအများသတ်ရင်နပိုလီယံ
လူတစ်ယောက်သတ်ရင်ထောင်ဒဏ်……။
(၃)
ပိုင်ဆိုင်မှုဘာရှိလဲ
အကြင်နာတရားလား
ပြောမနေနဲ့…လက်ဘက်ရည်ဖိုးတောင်မရဘူး….။
(၄)
ဗာရာဏသီ
ဘာမှန်းမသိတဲ့အရာတွေစီနေတာ..
တလွဲပညာရှင်တွေစု
ဖောင်းထု…
ကောင်းမှုသာဓုခေါ်စေသော်ဝ်…..။
(၅)
အသက်တွေတတိတိတိုက်စားခံရရင်း
စစ်ခင်းတဲ့တလင်းမြေမှာ
မသေမချင်းစပါးရိတ်နေရမှာ….။
(၆)
လက်ရှိအနာဂတ်က ဒါ
ပစ္စုပ္ပန်က အလုပ်လက်မဲ့
အတိတ်က ပဒေသရာဇ်…
အနိစ္စတရားကျလိုက်ပုံများ…..။
အလင်္ကာ
C4T Program ပြုလုပ်ခြင်းသည် တနင်္သာရီဒေသအတွင်းရှိ Local PDF Heroesများ၊CDM Heroesများ၊ စစ်ဘေးရှောင်များအတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ပါသည်။
Subscribe to:
Post Comments (Atom)
လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...
-
လူသားဆန်ဖို့ Clickရမယ်💪✊ ဘာဖြစ်ဖြစ်Clickမှရမယ်လို့သာတွေးပြီး clickကြရအောင်ပါခင်ဗျာ။ #photocredit
-
◼အမှောင်◼ ကျေးရွာအနှံ့ မီးလင်းလိုက်တာ ထိန်လို့...။ တခဏချင်း ပြာပုံဖြစ်သွားတယ် ။ ©လကျာ်ဧ #thevoiceofspring #poem #thevoiceofspring
No comments:
Post a Comment