နားလည်မှု
လိမ္မော်သီးတစ်လုံးကို
ခွေးတစ်ကောင်ဟုခေါ်ဆို၍
ခွေးတစ်ကောင်ကို
လိမ္မော်သီးတစ်လုံးဟု
ခေါ်ဆိုမည် ဆိုပါစို့။
ခွေးတစ်ကောင်သည်
သစ်ပင်ပေါ်မှာနေမည်။
ဖန်ပုလင်းတစ်လုံးထဲမှာနေမည်
ရေခဲသေတ္တာထဲမှာနေမည်
သင့်ရဲ့လျှာပေါ်မှာနေမည်။
လိမ္မော်သီးတစ်လုံးသည်
အမြီးနန့်မည် ဟောင်မည်။
ဗိုင်းရပ်စ်ပိုးဝင်နေတဲ့
အဲ့ဒီ လိမ္မော်သီးကို
သံကြိုးကြီးကြီးနှင့် ချည်ထားရန်
လိုအပ်သည် ။
သစ္စာနီ
🤔🤔🤔
ReplyDelete