Wednesday, August 17, 2022

"ကလေးလို နေချင်တယ်"

"ကလေးလို နေချင်တယ်"

ခုနေ တွေးတော့
ကလေးလိုသာ ၊ နေချင်ပါတယ်
ဘာလိုချင်လဲ ၊ စိတ်ထဲတမ်းတ
ပြည့်၀ချမ်းသာ။
သစ်တစ်ပင်အောက်....
တစ်အိမ်ဆောက်ကာ ၊ ဆာလောင်ရင်လည်း
သဲက ထမင်း ၊ ဟင်းက သစ်ရွက်
ခူးချက် ခပ်ချက် ဈေးမတက်။
ပိုက်ဆံဆိုတာ ၊ သဘာ၀ဘဏ်က
ကြွေပန်းကန်ကွဲ ၊ မြေအိုးကွဲတွေ
မြေထဲ တူးဆွ ၊ ရသမျှမှာ
ငွေစ၊ရွှေစ သုံးမကုန်။
ကြာဆစ်ကြိုးလဲ ၊ မြ လည်ဆွဲဟု
စိတ်ထဲဖန်ဆင်း ၊ ချက်ချင်းပြောင်းလဲ
ခက်ခဲမရှိ။
ဘ၀ဒုက္ခ ၊ သောကဆိုတာ
ချိုနဲ့ပါလား ၊ စား၀တ်နေရေး
တွေးဖို့မလို ၊ အတိတ်ကို ဆန်
ငယ်မူပြန်သစ် ၊ ဖြစ်နိုင်မယ်ဆို
ကလေးလိုသာ ၊ နေချင်ပါတယ်။ ။

-သစ္စာနီ

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...