အိပ်မက်တိတ္ထုံ
.
ဗေဒင်ဆရာတယောက်ကို
လိမ်လည်မှုနဲ့ တရားစွဲလို့ ရပါ့မလား...
ထီလက်မှတ်တစောင်ဟာ
မပေါက်ရင် ပြန်လျော်ပါ့မယ်လို့
အာမခံချက် ရှိလို့လား...
စိတ်ကူးတွေကို
ဆင်ဆာဖြတ်ရင်
သင့်တော်ပါ့မလား...
မျှော်လင့်ချက်တွေကို
ယုတ္တိမရှိဘူးလို့ ဝေဖန်ရင်
တရားမျှတပါ့မလား...
ခံစားချက် တစ်ချို့က
ဗေဒင်ဟောစာတမ်းလည်း မဟုတ်
ထီပေါက်စဉ်လည်း မဟုတ်
ကြော်ငြာသင်ပုန်းလည်း မဟုတ်
အိပ်မက်ပေါင်းချုပ်
စာတအုပ်မျှ သာ ဖြစ်ပါတယ် ။ ။
#မင်းလူ

No comments:
Post a Comment