အဓိပ္ပာယ်မဲ့နေထိုင်အသက်ရှင်မှုဆိုတာကို
ခင်ဗျားတို့ နားလည်ကြသလား
ကျွန်တော့်ကိုကြည့်ပါ
ခင်ဗျားတို့မျက်စိရှေ့မှာ ကျွန်တော် ၂၉ နှစ်နေခဲ့ပြီးပြီ။
ခင်ဗျားတို့မခံစားဖူးတာတွေလည်း ခံစားခဲ့ရဖူးပြီ။
ခင်ဗျားတို့မသိတာတွေလည်း သိပြီးပြီ။
ခင်ဗျားတို့ အချိုနဲ့အခါးကို တစ်ကြိမ်ထဲ
မြိန်ရေရှက်ရေ စားဖူးသလား
လူမှန်းသိတတ်စရွယ်ကတည်းက
ခုချိန်ထိ စိတ်ဓာတ်ကို အကျဉ်းချခံထားရဖူးသလား
ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ၁၀ နှစ်တိုင်တိုင်
သူရဲဘောကြောင်ဖူးသလား
( ကျုပ်လက်ထဲကို နောက် ၁၀ နှစ်သာထည့်ပေးပါ
ဟောဒီလောကကြီးကို ကျုပ်မှောက်လှန်ပစ်လိုက်မယ် )
-ဖော်ဝေး
(ဖော်ဝေး_ဒိုင်ယာရီ)
Collage By Poemency

No comments:
Post a Comment