အလကားကောင်
~~~~~~~~~~~
အမြီးတက်နင်းတုန်းကလည်း
တစ်ခါကိုက်တယ် ...
ဂုတ်ကိုကြိုးချည်တုန်းကလည်း
တစ်ခါကိုက်တယ် ...
စားခွက်ကိုထိမိတုန်းကလည်း
တစ်ခါကိုက်တယ် ...
ကျောသပ်ပေးလို့မရ
ခေါင်းပွတ်ပေးလို့မရ ...
အမေက
ယဥ်ကျေးအောင်
သင်ပေးပါသေးတယ် ...
အမေ့မှာ
အကိုက်ခံလိုက်ရတာ
ခဏခဏ ...
တစ်ခါကိုက်ဖူးတဲ့
အချိန်ကစပြီး .. ၊
မြင်မြင်ကရာ
ထိုးထိုးဟောင်၊
ထိလိုက်တာနဲ့
လှည့်လှည့်ကိုက် ...
အဘိုးက
အိမ်လုံမယ်ထင်ပြီး
မွေးခဲ့တာပဲ ...
အဘိုးမွေးခဲ့တဲ့
ခွေး .. ၊
(အလကားကောင်)
ဆန်ကုန်မြေလေး ..။ ။
#မောင်လှမျိုး - ချင်းချောင်းခြံ
right100%
ReplyDelete🐕🐕🐕
ReplyDeleteLike💯
ReplyDeleteမှန်လိုက်လေခြင်း
ReplyDeleteခွေးထက်ဆိုးသေး
ReplyDeleteခွေးဝဲစား
ReplyDelete👍👍👍
ReplyDelete👍
ReplyDelete