ခေတ်ကိုထမ်းပြီး
လမ်းတွေလျှောက်ခဲ့တာ
ယနေ့ဆို 29 နှစ်ပြည့်ပါပြီ ။
ကျွန်တော်ပါ။
ကမ္ဘာနှစ်ခြမ်းကွဲလို့
အဖေတစ်ခြမ်းစီအမေတစ်ခြမ်းစီရဲ့ကြားမှာ
ဟိုပြေးဒီပြေးနဲ့
အပြဲအကွဲ
မိသားစုတွေရဲ့ဒဏ်တွေကိုခါးစည်းခံပြီး
လူဖြစ်လာခဲ့တာ ယနေ့ဆို 29 နှစ်ပါ ။
ကျွန်တော်ပါ
အစာအိမ်နာလျက်နဲ့
ကော်ဖီကို တမြတ်တနိုးသောက်ခဲ့တာ
ကျွန်တော်ပါ ။
ကျွန်တော်ပါ
ဝါသနာနဲ့အသပြာ
ဂုဏ်သိက္ခာနဲ့ မိုးခါးရေနဲ့ဆို
မတရားမှုအတွက်
အစစအရာရာကို
ပစ်ပစ်ခါခါ ပစ်ချပြီး
ဒီနှစ်တွေထဲမှာလွင့်ခဲ့တာကျွန်တော်ပါပဲ ။
အတူတူနာနေရတဲ့လောကဓံမှာ
ကိုယ့်ဒဏ်ရာပိုနက်ကြောင်းဖွင့်ဟရင်
ဘယ်တရားပါ့မလဲ
လူဖြစ်လာမှတော့ လူနဲ့ဆိုင်တဲ့
လောကဓံ အခင်းအကျင်းတွေကို
အတက် အကျ
အမြင့် အနိမ့်
အကြမ်း အချော အလိုက်
ပျော်အောင်နေရတာပါပဲ ။
ဒီနှစ်တွေဟာ ခါးပါတယ်
ပြန်မလာနိုင်တဲ့လူတွေထက်တော့
ကျွန်တော်တို့က ချိုကောင်းပါရဲ့ ။
LuAh
နှစ်တွေ
No comments:
Post a Comment