Wednesday, August 17, 2022



ကရင်က ကရင်ကိုကယ်
ကချင်က ကချင်ကိုကယ်
ရှမ်းက ရှမ်းကိုကယ်
ဗမာတွေကျ ငါလိုးမ
အဲ့သလိုဆဲကြ
ကရင်တကျပ် ဗမာတကျပ် 
ငါတို့ကငရဲ
နှစ်ထပ်နဲ့

ဘာသာခြားတွေရဲ့ အခါးတွေ
ငါတို့ကိုကူးစက်
လူမျိုးခြားတွေရဲ့အခါးတွေ
ငါတို့ကိုကူးစက်
တိုင်းရင်းသားတွေရဲ့အခါးတွေ
ငါတို့ကိုကူးစက်
ကျောမွဲတွေရဲ့အခါးတွေ
ကျောမွဲတွေကိုကူးစက်
အဲ့သလိုကူးစက်ရောဂါသည်တွေအဖြစ်
နှစ်ပေါင်းများစွာ
ကူးစက်ရောဂါရဲ့လက္ခဏာအဖြစ်
ဆဲဆိုမြည်တွန်ခြင်းကို တွေ့ခဲ့ရ
အရိုင်းစိုင်းတွေပါပဲ အရိုင်းအစိုင်းတွေလေ
ဆဲရင်းဆဲရင်း ဆင်းရဲခဲ့တယ်ဆိုသလို

အရိုင်းပန်းတွေလို တောပန်းတွေလို
လမ်းဘေးနားကပန်းတွေလို
ဒို့တာဝန်အရေးသုံးပါး မပါဘဲ 
ပွင့်ခဲ့ကြ

အဝေးမှာတော့
ဂန္ဓမာတွေ၊ နှင်းဆီတွေ၊ စပါယ်တွေ၊ ကံ့ကော်တွေ၊ ဂြိုလ်တုသတင်းက မွှေးရနံ့ရ
တပတ်အတွင်းနိုင်ငံတကာသတင်းကို
မြိန်ရေရှက်ရေကြည့်ကြ
တက်ဒီရှယ်ရင်ဂန်ရယ် မက်စ်မာနာမန်ရယ် အလန်ရှီးယားရယ် ပေါဂတ်စ်ကွိုင်းရယ် 
သို့သော်
အဂ်လန်ဖလားမရ 
အဲ့သလိုငါတို့ 
ဖလားမရခဲ့ပါဘူး

သောကပန်းတွေလား သောကပန်းတွေလား
အနံ့တော့ရှိတယ်
မမွှေးပျံ့ရဲဘူး
ရှက်ဖွယ်

အလှုဒါနပြုကြသူငါတဲ့
စစ်ဝတ်စုံမှာ ပိတ်ဖြူစင်စလွယ်စနဲ့
ငါလိုးမဘဝ
အဲ့သလိုတောက်ခေါက်ကြ
ပိတ်စမ်း ပိတ်လိုက်စမ်း အဲ့ဒီတီဗီကိုပိတ်လိုက်
လူသတ်သမားရဲ့အပြုံးကို မှတ်ကြ
ဝိုင်ခွက်ကိုမြှောက်ထားတဲ့ 
သူခိုးစောက်ခွက်ကိုမှတ်ကြ

တဖက်မှာ
ရာသက်ပန်နာယကကို ဂါရဝပြုကြ
မသေချင်ဘဲသေကြရ
သေချင်လျက်နဲ့ စိတ်လိုလက်ရ တချို့လဲသေချင်းဆိုးနဲ့သေကြရ
နိုင်ငံရေးမလုပ်ရ အောင်ဆန်းစုကြည်ကလားမ
မင်းတို့ပါးစပ်ကမထွက်ကြနဲ့ 
ကြားရဲ့လားတဲ့
လမ်းလူကြီးက
အဲ့ဒီခေတ်က 
လမ်းလူကြီးဆိုတာ လီးလူကြမ်းပါပဲ

ငရဲကြီးနှစ်ထပ်ကို 
ကျရည်နှပ်ပြီးသောက်ပစ်တယ်
ဟဲဗီးမက်တယ်ဘောလယ်သီချင်းတွေ 
ငါတို့မဆိုချင်ဘဲဆိုကြရ
လည်ပင်းကြယ်သီးစေ့စေ့တပ်ရ
ပထွေးကိုအဖေခေါ်ရသလို 
နိုင်ငံတော်သီချင်းကိုဆိုကြရ
မကြည်ညိုလိုက်ပုံများလေ 
ဥပဒေပြုတောင်ပြုရပါသတဲ့
ဦးနုခေတ်က အမဲသားကို 
တိုးတိုးသားလို့ခေါ်သလိုပေါ့
တိုးတိုး တိုးတိုးနဲ့ဆဲရတယ်
၈နာရီသတင်းထဲ တာရိုးကနွားတွေ
တပြုံးပြုံး 

ကမ္ဘာကသိတယ် 
ဘာမှမရှိဘဲ ချကြတာကို
ကိုယ့်အနာကိုယ်ပြရင်း
သမိုင်းကို အဲ့သလိုရေးခဲ့ရ
အချစ်ရေ အချစ်ရေလို့ အဲ့သလိုသီချင်းကို
သံဃာတော်တွေ သွေးမြေကျကုန်ကြပြီဘုရာ့လို့ အော်နေကြပုံများ
သြော်
မာမာအေးဟာ မာမာအေးပါပဲ

သံဃံသရဏံ ဂန်းစာမိပါဘုရားတဲ့
နာကျင်ရပြန်ပကော
အသည်းတွေမာရပြန်ပကော
အဲ့သလို
ဆီမီးဖိုင်နယ်မှသည် မဂ်လာဒုံလေဆိပ်ဆီသို့
အလီလီ ထိုးဆင်းခဲ့ရပါတယ်

ကျော်ဆန်းမှသည် ဇော်မင်းထွန်းဆီသို့
မိုးလုံးပြည့်မုသာဝါဒီမှသည် ၆၆ဃ လူမှုကွန်ယက်ဆီသို့
မြွေကိုမှ အုပ်လိုက်အကိုက်ခံရသလို
ဟိုနားကနာတယ် ဒီနားကနာတယ် နေရာအနှ့နာတယ် ဘဝနာတယ် အသည်းနာတယ် 
ကမ္ဘာ့အရှည်လျားဆုံးအနာ
အနာကြီးရောဂါသည်လို ကူးစက်ရောဂါသည်လို အရိုင်းအစိုင်းပန်းတွေလို
ငါတို့အဆင်မပြေခဲ့ကြ
ငါတို့များ
အဆင်မပြေတာကိုပဲ 
၁၀မှတ်ဖိုးရအောင်ကျက်ခဲ့ရ 

သို့သော်

ညည်းတွားသံမှသည် ကြွေးကြော်သံ
ကြွေးကြော်သံမှသည် ပုန်ကန်သံ
ငါတို့
အရှုံးကရုန်းထကြ
တံပိုးခရာဆင်လို့ အရိုးပြာကတွန်နေကြပြီ
ခိုးသားဓားပြကို
ရိုက်ပုတ်ဖို့ပြင် ကြိုးစင်တင်ကြ
စစ်ကိုမြင်လျင် ဓားကိုပြင်ကြ
နိုင်ရာအလုပ် ပိုင်စွာလုပ်ကြ

အသက်တွေဆုံးခဲ့ပြီး
အရှက်တွေဆုံးခဲ့ပြီး
ဘဝတွေဆုံးခဲ့ပြီး
အနာဂတ်ပေါင်းများစွာဆုံးခဲ့ပြီး
လူအဖြစ်ပေါင်းများစွာဆုံးခဲ့ပြီး
ဆုံးခဲ့ပြီး
ဆုံးခဲ့ပြီးပြီ
​နှောင်ကြိုးမှတပါး
ဆုံးရှုံးစရာမကျန်အောင်ဆုံးခဲ့ပြီးပြီ

အဆုံးသတ်မှာ အမုန်းဇာတ်ကိုရပ်
ပြုံးကွက်ကိုရှာတွေ့ကြတော့မယ်

ရဲဘော်တို့ ညီကိုတို့ မိတ်ဆွေတို့
လာစုရုံးကြလေ 
တော်လှန်ရေးဆိုတာ ဇီဝိတဒါနဖြစ်တယ်
အသက်ကိုလိုလျင် အသက်ကိုယူကြပေါ့

ရွက်ဝါကြွေကျ မြေဆီရ၍ 
ပင်စည်လဲလှ ရွက်လဲမြစေ.....။ ။ 

-ဆူးရစ်နွယ်

Collage By Poemency

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...