နွယ်
မိုးတွေရွာတဲ့ တနေ့ပေါ့....
ထိုနေ့မှ မိုးကလဲအလွန် သည်းလိုက်တာဗျာ။
ကျွန်တော်ပြတင်းတံခါး ကိုငေးမောရင်း.......
ကျွန်တော့်ရင်ထဲ လေပြင်းကသာသာလေး ရုတ်တရက် တိုးဝှေ့လာတယ်။
ဒါနဲ့ကျွန်တော်လဲ ငေးနေတဲ့ ပြတင်းတံခါး ကို ထပိတ်ပြီး အိပ်ယာပေါ်သို့ မျက်ရည်စများနှင့်အတူ ခဏတာမှေးစက်လိုက်သည်။
ကျွန်တော်လေ သူမ ကိုသိပ်ချစ်ခဲ့တာယောကျာ်းတစ်ယောက်ကျတဲ့ မျက်ရည်ဟာ အရှက်တရား ပဲ ဗျာ.....
ဒါပေမဲ့ ဒီ အရှက်ကို ကျွန်တော် အခုချိန် ထိပ်တိုက်ရင်ဆိုင်နေရပြီ။တင်းလွန်းတဲ့ကြိုးတွေ ပြတ်တတ်တာ ကျွန်တော် လုံးဝ လက်မခံခဲ့ဘူး.......(သိပ်ချစ်ခဲ့တာကို)
တနေ့...အချစ်နဲ့ဘဝကိုတည်ဆောက် ဖို့ကျွန်တော်ရသမျှအလုပ်ကို သိက္ခာရှိစွာ သမာအာဇီဝ ကျကျ ကြိုးစားရှာဖွေ လုပ်ကိုင်ခဲ့တယ်။ကျွန်တော်က အချစ်ကိုကိုးကွယ် ခဲ့သူဆိုတော့ကျွန်တော် ပိုပင်ပမ်းတာပေါ့ဗျာ။
ကျွန်တော့်ဘဝ ရည်မှန်းချက် တွေကလေ အခုတော့ လေထဲမှာလွင့်နေတဲ့ တိမ်ဆိုင်တွေလိုပဲ.......
လောကကြီးမှာ ငွေကသိပ်ကိုအရေးပါတယ်လား ...?????
သစ္စာတွေမေတ္တာတွေယုံကြည်ခြင်းတွေက ဘယ်ရောက်ကုန်ပြီလဲ ???....
ကျွန်တော့်ကိုလေ ခုချိန် မင်း ဆုတစ်ခုပဲတောင်းပါဆို ကျွန်တော် သစ္စာတရားကိုယုံကြည်ချင်ပါတယ်ဘုရားလို့ ရေရွတ်မိမှာ ....ထပ်ယုံချင်လို့ပါဗျာ 😭😭😭
ခုတော့ ....ကျွန်တော်လိုငွေမရှိတဲ့ကောင်ရဲ့ အချစ်ကို သူမ ရက်စက်စွာ နင်းချေခဲ့လေပြီ ....
အိပ်ယာနိုးတော့ ပါးစပ်ကရေရွတ်မိလိုက်တယ် ........
နွယ်!!! မင်းဘဝလေး ပျော်ရွှင်သာယာပါစေ။
#N2
No comments:
Post a Comment