မှန်နန်းရာဇဝင်
သူ့ကိုယ်သူ မှန်ထဲကြည့်ပြီး
လက်သီးဆုပ်ကို လေထဲမြှောက်
အသံတိုးတိုးနဲ့ တို့အရေးလို့ အော်ကြည့်တယ်
တော်လှန်ရေးသမားလို သူမျက်မှောင်ကြုတ်
မှန်ကို လက်သီးနဲ့ထိုးခွဲမလို ရွယ်လိုက်တယ်
ပြီးတော့ မှန်ကို ထွီခနဲ တံတွေးနဲ့ထွေးခဲ့ ။ ။
#အောင်ခင်မြင့်
No comments:
Post a Comment