ရင်တွင်းစကား..စာလုံးပေါင်းများစွာ
အတိတ်ဆိုတာ
သယ်ယူနိုင်ရာ မဟုတ်ပေမဲ့
မေ့ပစ်လို့မရစကောင်း တဲ့ အရာ
ဘယ်လိုအတိတ်မျိုးပဲ ဖြစ်ဖြစ်
ဆောင်စရာ ရှောင်စရာတွေတော့ကျန်မြဲ
သင်ခန်းစာဆိုတာကလည်း
ဒီအတိတ်တွေထဲက ရစမြဲလေ
ဒါ...လောကတရားတွေ ဖြစ်မြဲလေ
လူတိုင်း မှားတတ်ကြတယ်
ကိုယ့်အမှားဟာ သူတပါးဘဝမပျက်ဖို့
သူတပါးမျက်ရည်နဲ့ အပူမလောင်စေဖို့တော့
ရှောင်ရှားနိုင်ရမယ်
မှားတာကို ဝန်ခံရဲသလို
ပြုပြင်ပြောင်းလဲနိုင်စွမ်းလည်း ရှိရမယ်
မုသားအပြည့်နဲ့ လူလိမ်တွေ ကြီးစိုးတဲ့
ဒီတိုင်းပြည်မှာ ကလိန်ကကျစ်နဲ့
မနာလိုမှုတွေသာ ကြီးစိုးတယ်
ငွေများ တရားနိုင်ဆိုတဲ့ ခေတ်ကာလမှာ
မိတ်ဆွေစစ်ဆိုတာ ရှားပါးပစ္စည်းပါ
အမှန်တရားဖက်မှာ လူနည်းတတ်တာလည်း ဒီခေတ်ပေါ့
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ့ ဆိုပေမဲ့
တရားပျက် ဘုရားဖက်နေသူတွေကြားထဲမှာ
ကိုယ်ဟာ အမှားမဖက်သူ ဖြစ်ဖို့သာ ကြိုးစားပါ
တကယ်တော့...
တရားဆိုတာ နှလုံးသားမှာပဲခိုပါတယ်
ကောင်းသောစကား ကောင်းသောအကျင့်နဲ့
ကောင်းကျိုးသာပြု ကောင်းမွန်စွာစိတ်ကိုထားပါ
သူ့နေရာမှာ ငါသာဆိုရင် ဆိုတဲ့
စာနာကြင်နာမှုတရား ထားတတ်ရင်
လောကကြီးဟာ ပူလောင်မှုတွေ ကင်းဝေးပါတယ်
ကိုယ့်နှုတ်ထွက်စကားတစ်ခွန်း
ကိုယ့်အပြုအမူတစ်ရပ်ဟာ
သူတပါး အခြား ဘဝတစ်ခုလုံးအထိ
ထိခိုက်နာကျင်သွားတတ်တယ် ဆိုတာ
သတိမူပြီး ကောင်းသောစကား
ကောင်းသောစိတ်ထားလေးများ
လူတိုင်းကိုယ်စီ ရှိကြရင်ဖြင့်...
ပြောချင်သောစကား... စာလုံးပေါင်းထောင်ချီပါလေ...
San Zuren 🌸
✅🥰
ReplyDelete