"အလောင်း"
မင်းသေဆုံးတာနဲ့
မင်းရဲ့နာမည်ဟာ
အလောင်းဖြစ်လာတယ်။
အလောင်း သုသာန်ပို့ပြီးပြီလား
အလောင်း လာသယ်သွားကြပြီ
အလောင်း ထုတ်ရဦးမယ်
အလောင်း ပြင်ပြီးပြီ
အလောင်းကို အခေါင်းထဲထည့်ကြစို့
အလောင်းကို မြေမြှပ်မလား မီးသင်္ဂြိုဟ်မလား
အဲ့ဒီလို
မင်းကို ရည်ညွှန်းပြောဆိုကြလိမ့်မယ်
အသက်ရှင်စဉ်က
လူတွေသဘောကျ ကြိုးစားခဲ့တဲ့
မင်းရဲ့နာမည်ကို
ဘယ်သူမှ မခေါ်ကြတော့ဘူး။
လူတွေ မင်းကိုပေးလိုက်တဲ့ နာမည်က
အလောင်း။ ။
-မိုဃ်းဇော်
No comments:
Post a Comment