စတော်ဘယ်ရီ နဲ့ စီးကရက် ၂
Julyရဲ့စိုးထိတ်ထိတ်ညတွေကို
စီးကရက်ရဲ့ပြင်းရှမှုတွေနဲ့ရောထွေးထားတယ်
မေတ္တာတရားဟာအသွားအပြန်ရှိတယ်ဆိုတာ
ကျွန်တော်အယုံကြည်ဆုံးဘာသာတရားပါ
မျက်မှန်အောက်ကအကြည့်တွေဟာ
ခန္ဓာကိုယ်တစ်ခုလုံးက
တိမ်းညွှတ်မှုတွေရဲ့တရားခံဘဲ
ကိုယ်ဟာပါရမီထူးတယ်ရူးမူးတဲ့ပါရမီ
မင်းရဲ့"ဘယ်တော့မှမခွဲဘူးနော်"ဆိုတဲ့
ပုံပြင်ကိုကမ္ဘာကြီးမှတ်ပြီး
အိပ်ရာဝင်ချိန်တိုင်း
audioသွင်းနားထောင်ခဲ့တယ်
စတော်ဘယ်ရီသီးတွေကို ရင်ဝယ်ပိုက်
ချိုမြိန်ခြင်းတွေနဲ့ ငါ့ဘဝကိုရောဖျော်ပြီး
မင်းဘဝကိုပျော်စေချင်ခဲ့တဲ့ကောင်
ပြာခွက်ထဲကပြာမှုန်တွေကို
မင်းမြင်အောင်ကြည့်
ကိုယ်ရဲ့အလွမ်းတွေလည်း
တစ်မှုန်စီဖြန့်ကျဲရောထွေးနေတယ်
အနေဝေးလို့သွေးအေးသွားရတဲ့
ခေတ်ပေါ်အချစ်ဇာတ်လမ်းတွေကြားထဲ
အနေနီးတိုင်းသွေးမနီးနိုင်ဘူးဆိုတဲ့
ကိုယ်တို့ဇာတ်လမ်းကသူမတူထူးခြားနေမယ်
-ကျွန်တော်
No comments:
Post a Comment