အိမ်လည်ကြူးတဲ့သား
ကာရန်ချိုမြ သွေးစစွန်းနေတယ်
တယောကြိုးလည်း တီးတိုးငိုကြွေးတယ်
ဂစ်တာတလက် အုတ်ခုံထက်မှာ
အသက်မရှိရှာတော့ဘူး။
အမေ့အိမ်နား ဒီညများမှာ
စစ်သားဖိနပ် တခွပ်ခွပ်နဲ့
ရပ်လို့ စောင့်နေတယ်။
အိမ်လည်ကြူးတဲ့သား
မိုးစက်တွေကြားမှာ
ငှက်ဖျားမိနေရော့သလား။
အမေ့နားမှာ
'သား' ခေါ်သံများ တိုးတိုးကြားလျှင်
နားကို လှည့်စား ဒီညများ
ဘယ်သွားနေလဲ လူလေးရယ်။
သားတို့ကျောင်းက
ခွပ်ဒေါင်းလံကလေး
ရေမြောင်းဘေးမှာ
သွေးတွေ စွန်းလျက် ညနေဘက်က
ရပ်ကွက်ထဲက လူတွေတွေ့ခဲ့သတဲ့။
အမေ့သား စကားတိုးတိုး ပြောလှည့်ပါ။
(၁၉၈၈ ကာလအတွင်း ရေးဖွဲ့သည်။)
ဆရာကြီးတင်မိုး
တင်မိုး ၈၀
👍👍👍
ReplyDeleteDone
ReplyDeleteClick.
ReplyDeleteStay safe.
ReplyDelete