Monday, July 11, 2022

တော်လှန်ရေးနှင့် ချစ်ခြင်းတရား

 



တော်လှန်ရေးနှင့် ချစ်ခြင်းတရား

------------------------------------



ဖိနပ်ပြတ်ရင်

ပြတ်မယ်

ယုံကြည်ချက်

မပြတ်ဖိုလိုတယ်


ပိုက်ဆံပြတ်ရင်

ပြတ်မယ်

အတွေးအခေါ်

မပြတ်ဖိုလိုတယ်


အဝတ်အစားတွေ

နွမ်းရင်နွမ်းမယ်

တော်လှန်စိတ်တွေ

မပမ်းဖိုလိုတယ်


ရိက္ခာဖူလုံချင်မှ

ဖူလုံမယ်

ချစ်ခြင်းတရားတွေ

ဖူလုံဖိုလိုတယ်


ဘဝဟာ

ကြမ်းတမ်းချင်သလောက်

ကြမ်းတမ်းပါစေ


တော်လှန်‌ရေးနဲ့

ချစ်ခြင်းတရားတွေ

စီးဆင်းဖို လိုတယ်လေ



San Zuren 🌸

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...