Saturday, July 16, 2022

ပိုကြိုးစားကြမယ်


ပိုကြိုးစားကြမယ်
---------------------------


ကိုယ်တွေရွေးချယ်ထားတဲ့ လမ်းဟာ
သူ့ဘက်ကထိခိုက်တာတွေပဲ ရှိတာမဟုတ်သလို....ကိုယ့်ဘက်ကလည်း ထိခိုက်ဆုံးရှုံးရတာတွေ ရှိမယ်ဆိုတာ သိသိရက်နဲ့ရွေးခဲ့ကြတာပဲ....

ဒီလမ်းဒီခရီး ရွေးပီးကတည်းကတစ်ခုခုထိခိုက်ဆုံးရှုံးရတိုင်း
ငါတို့ပိုစည်းလုံးကြရမယ်
ငါတို့ပိုညီညွတ်ကြရမယ်
ငါတို့ပိုကြိုးစားရမယ်ဆိုတဲ့
ခံယူချက်ကို စွဲစွဲမြဲမြဲထည့်ထားပါ

နာကျင်ခြင်းတွေကို အဖော်ပြုပြီး
ဒရမာခင်းစရာ ဘာအကြောင်းမှမရှိဘူး...ငါတို့အရာအားလုံးကိုတောင် စတေးခဲ့ရပီးပီပဲ....ဘာထပ်ဆုံးရှုံးရအုံးမှာလဲ

သေခြင်းဟာ အဆုံးသတ်မဟုတ်ဘူး
သူတို့အသက်ပေးခဲ့မှုနဲ့ ထိုက်တန်တဲ့
ခေတ်သစ်စနစ်သစ် နိုင်ငံတော်သစ်
မွေးဖွားလာဖို့ ကျန်ရစ်ခဲ့သူတွေ
ငိုကြွေးတာကို ရပ်တန့်ပြီး
လုပ်ရမယ့်အလုပ်ကို နှစ်ဆကြိုးစားလုပ်ပြီး ဒီထက်ပို ညီညွတ်ကြရအောင်...



San Zuren 🌸

1 comment:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...