Tuesday, July 19, 2022

"လက်ဖက်ရည်ဝိုင်းမှလူငယ်များ”



“လက်ဖက်ရည်ဝိုင်းမှလူငယ်များ”

နိုင်ငံရေးလား ဘာလား
နားမလည်ဘူး ကျွန်တော့်ကို
ပေါ့ဆိမ့်တစ်ခွက်သာပေးပါ
ဂျပ်ဆင်ထိပ်ကလရိပ်ပြာ
ဆေးလိပ်လေးတစ်လိပ်
ဒါကျုပ်တို့ဘဝရဲ့စကြဝဠာပဲ။

မိုးရာသီရဲ့ စစ်ချီသံတွေခံစား
ကျွန်တော် ဆေးလိပ်ဖွာနေခဲ့တယ်
စာလည်းမလုပ်ချင်ဘူး
အလေပဲလိုက်မယ် ရုတ်တရက် ဗမာပြည်ကြီး လှုပ်ခါလာတယ်
မျက်ရည်တွေ မီးလောင်
“စစ်အာဏာရှင်ကျရှုံးရေး ဒို့အရေးဒို့အရေး”

ကြွေးကြော်သံတွေ လက်ခံကြည့်
အော်ဟစ်သံတွေက်ိုအမှီပြု
သောက်လက်စဆေးလိပ်ကိုချနင်း
ဖတ်လက်စစာအုပ်တွေပိတ်
မင်းလွယ်အိတ်လေး
ငါ့အုတ်ဂူပေါ်တင်ထားခဲ့တယ်။

တော်လှန်ခြင်း ဆန့်ကျင်ခြင်း စွန့်လွှတ်ခြင်း ပေးဆပ်ခြင်း
ကျောင်းသားတွေရဲ့
အိတ်ကပ်လေးထဲ တွေ့နိုင်တယ်
သွေးစိုနေတဲ့
အဖြူရောင်ဖိနပ်လေးက
ထအော်တယ်
“စစ်အာဏာက်ို လည်လှီးမယ်
တော်လှန်ဓားတွေရွက်လွှင့်ကြ” 
သားရယ်---အမေ့ရင်ခွင်ကွဲမတတ်ပဲ။

ကမ္ဘာအဆုံးက အလင်းတန်းတွေကို
အသက်သွင်းဖို့
ငါ---လက်သီးလက်မောင်းတွေတန်း
ပေါ့ပျက်ပျက်အိတ်ကပ်ထဲ
ခပ်ဆိုးဆိုးခေါင်းစည်းနီလေး
ချည်လိုက်ချိန် ငါ့ရဲဘော်တွေ
မျက်ထောင့်နီတက်လာတယ်။

ဝါညစ်ညစ်လက်ဖက်ရည်ဆိုင်ဟာ
နီစွေးသောအာဇာနည်ဗိမ္မာန်ဖြစ်
တစ်ယောက်မျက်နှာတစ်ယောက်ကြည့် အာဇာနည်တွေ သောင်းချီထွက်ကာ
ဓူဝံကြယ်တွေအစင်းစင်းကြွေ
မောင်းပြန်သေနတ်တွေ ကျည်ဆံတွေကို
လက်ခမောင်းခတ်စိန်ခေါ်။

ရဲဘော်--မင်းကျရင် ငါအရှေ့ကိုတက်မယ်
ဒေါင်းအလံကိုနောက်ခံထား
သွေးစွန်းပါစေသူတို့ ကြွေးကြော်နေကြတယ်
ခွပ်ဒေါင်းအလံအောက်သေရခြင်း
မင်းတို့ဘာမထီမျိုးတွေ
တော်လှန်ခြင်းအောက်လက်ထိပ်တွေဝတ် မင်းတို့ဇာမဏီလိုရဲတယ်။

တန်ဖိုးကြီးတဲ့ငယ်ရွယ်ခြင်းတွေ
စာမလုပ်တဲ့ကျောင်းသားက
သံတိုင်တွေနောက် သူ့ကိုယ်သူစတေးလိုက်တယ်
လူငယ်တွေခေါင်းထဲ ကျည်ဆံတွေထိုးဖောက် လက်ထဲကဒေါင်းအလံမလဲခဲ့ဘူး။

ငါ့ရင်ဘတ်ထဲက ဝင်းမော်ဦးရဲ့ဓာတ်ပုံ
ပြုတ်မကျခဲ့ဘူး
နှလုံးသားရယ် ကလောင်ရယ်ပေး
စနစ်ဆိုးကိုစီးခြင်းထိုးမဲ့ကျောင်းသားတွေ ဝိဉာဥ်တွေ အာဇာနည်တွေ။

ကျောင်းစိမ်းလေးတွေ
သွေးစွန်းတော့ဘယ်လိုနာကျင်ရလဲ
“ကမ္ဘာမကြေဘူး”လို့ ထအော်လိမ့်မယ် တောတောင်တွေကြား သေနတ်တွေထမ်း အမေ့အိမ်ကိုလွမ်းနေရောပေါ့
မင်းတို့အရိုးလေးတွေ စုပေါင်းလိုက်
အပရာဇိတပလ္လင်ဖြစ်လာလိမ့်မယ်။

လရဲ့ဆွဲငင်အားကြောင့်
ဒီရေဟာ ကောင်းကင်ကို
နမ်းဖို့ကြိုးစားတယ်
ကျောင်းသားတွေ တော်လှန်ရေးက်ို ရအောင်နမ်းလိမ့်မယ်
ညှို့ယူခြင်းလား
ဖွာလက်စဆေးလိပ်လေး
သွေးစွန်းနေတယ်။

၈ရက်၈လ၈၈ကို
တသက်တာမမေ့ဘူး
မင်းတို့မကျွတ်သေးဘူး
မင်းတို့မလွတ်သေးဘူး
သွေးစက်တွေတဟုန်ထိုးကြွေးကြော်
အလံနက်တွေဗြောင်းဆန်အောင်လွှင့်သူရဲကောင်းတွေ
ငါတို့မမေ့ဘူး...။ ။

-စောကေဇ

12 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...