Friday, July 8, 2022

၂၅နှစ်ကနေ ၃၀ကြားကလူငယ်တွေ

တစ်နိုင်ငံလုံးအပေါ်ကျတဲ့မီး
ငါတို့ လူငယ်တွေကျောပေါ်မှ ပိုပူရတယ်
...

အိမ်ကိုရောက်အောင်ပြန်ခဲ့မယ် အမေ
ဖက်ဆစ်တွေရဲ့လက်ထဲကနေ
အိမ်ကို အရောက်ပြန်ခဲ့မယ် 
ဆယ်လ်မွန်ငါးတွေလိုမျိူး
...

၂၅နှစ်ကနေ ၃၀ကြားကလူငယ်တွေ
နေနိုင်သူတစ်ချို့ကလွဲလို့
မတရားတာကို ငုံ့မခံနိုင်သူတွေကလွဲလို့
အဓမ္မကို အဓမ္မမှန်းသိသူတွေကလွဲလို့
ကျတော်အပါအဝင်ပေါ့ အမေ
...

ဒီလူငယ်တွေက လူငယ်ဆန်တယ်
လူကြီးတွေကပဲ လူကြီးမဆန်ခဲ့တာ
...

ဘယ်သူ့ကိုဦးတည်ပြီးဖျက်ဖျက်
လူငယ်တွေရဲ့ ယိုင်နဲ့နဲ့တဲက အရင်ပျက်တယ်
ဘယ်သူ့ကို မီးလောင်တိုက်သွင်းသွင်း
လူငယ်တွေကပဲအရင် ပြာကျရတယ်
...

ထူးအိမ်သင် သီချင်းတွေဆိုမယ်
အဖေဝယ်ပေးတဲ့ စကောလ်ဖိနပ်စီးမယ်
ဝက်ဝံတံဆိပ်ပုဆိုးကို ချပ်ပြုတ်ဝတ်မယ်
တက်တူးထိုးမယ်၊ နားကွင်းဖောက်မယ်
ကြက်ဆူပင်စိုက်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင်
မင်္ဂလာပါ ဘဘဗိုလ်ချုပ်ကြီးလို့ နှုတ်ဆက်မယ်
...

ဂျယ်ထောင်ထားတဲ့ ဆံပင်ထိုးထိုးထောင်ထောင်နဲ့
ချေဂွေဗားရားကနေ ဖီဒယ်ကတ်စ်ထရိုအထိ
ကားလ်မတ်ကနေ လီနင်အထိ
အမေ့ရဲ့ဒုက္ခအိုးလေးတွေလေ
ငုယင်ဗန်ထရွိုင်းသီချင်းတွေဆိုနေတုန်း
လူငယ်ဆန်ခဲ့တဲ့ လူငယ်တွေ
...

ယုန်ပဲထောင်ထောင် ကြောင်ပဲထောင်ထောင်
ကျတော်တို့ပဲ မိခဲ့ရတယ် အမေ
စစ်ဗိုလ်ကြီးမဖြစ်ချင်တော့ဘူး
ရွှေလင်ဗန်းနဲ့ ထမင်းဆီဆမ်းပဲ ပြန်လိုချင်တယ်
...

ကျတော် အိမ်ကိုပြန်မလာနိုင်သေးဘူး အမေ
အမေ့ ဘုရားပန်းအိုးလေး ကူလဲမပေးနိုင်တော့ဘူး
အမေ့ ဘုရားရှိခိုးသံ မကြားနိုင်တော့ဘူး
တစ်နိုင်ငံလုံး သရဏဂုံမတင်ရပဲ
ဘဝတစ်ပါးကူးပြောင်းပြီးတဲ့နောက်
ဖက်ဆစ်တွေရဲ့ လက်နဲ့ချတဲ့ ရေစက်
ကျတော်တို့ လူငယ်တွေကျောပေါ်မှာ ပိုပူရတယ်အမေ
...

-ဒီမြတ်ငြိမ်း

4 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...