"ဝမ်းနည်းပါကြောင်း"
လမ်းဖောက်တော့ သူမပါ
လမ်းပြင်တော့ သူမရောက်
ဖြောင့်ဖြူးစွာ လမ်းပြေချောတော့
ကျော့ကျော့လေးလျှောက် ။
ကန်တူးရာ သူမပါ
ကန်ပြင်ရာ သူမရောက်
မြကန်သာရေကြည်သန့်မှ
ခန့်ခန့်လေးသောက် ။
ပန်းစိုက်ရာ သူမပါ
ပေါင်းသင်ရာ သူမရှိ
ပန်းပေါင်းစုံ သင်းကြူးမွှေးတော့။
ရွေးပန်ချင်၏။
ရပ်ရွာရေး ဆွေးနွေးရာ
ဖယ်ရှောင်ခွာ-သူမရော
သူထင်ရာ မြင်အတွေးနဲ့
ဘေးထိုင်ဘုပြော။
လူ့ဘဝ ခဏတာ
မြင့်မြတ်စွာ လူဖြစ်ခိုက်မှာပေါ့
လူပီစွာ ကိုယ့်အမျိုးအတွက်
ကြိုးလိုက်စမ်းပါ။
သိလျက်နဲ့ သွေရှောင်ခွာ
ဝေဖန်ကာ အမြင်စောင်း
မူမမှန် တယူသန်အတွေးတွေနဲ့
ကလေးလို အရေးဆိုကြမ်းတာတော့
ဝမ်းနည်းပါကြောင်း ။
-မင်းသုဝဏ်
No comments:
Post a Comment