Sunday, July 24, 2022

"ကဗျာတစ်ပုဒ်"

"ကဗျာတစ်ပုဒ်"

ယုံကြည်မှုတွေမပေါ်သေးမီက
လူတွေနေထိုင်ကြသလို နေထိုင်ကြည့်ချင်တယ်
အမှားနဲ့အမှန် မပေါ်သေးမီက
လူတွေကျင်လည်ကြသလို ကျင်လည်ကြည့်ချင်တယ်
မေးခွန်းတွေ မရှိသေးခင်က
လူတွေ စကားပြောကြသလို ပြောကြည့်ချင်တယ်တဲ့။
ကဗျာဆရာတွေ မပေါ်သေးမီက
ကဗျာတစ်ပုဒ်ရှိခဲ့လေရဲ့ ။ ။

-နေမျိုး

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...