Tuesday, July 26, 2022

အဆုံးထိ ရန်ငါပြတ်ကြတာပေါ့



အဆုံးထိ ရန်ငါပြတ်ကြတာပေါ့
------------------------------------------


ဘယ်လိုစဉ်းစား စဉ်းစား 
စဉ်းစားလို့ကို မရဘူး
ဒါမျိုးလုပ်တော့ သူတို့အတွက် 
ဘာကောင်းသွားမှာလဲ

အသိဉာဏ် လုံးဝမရှိလို့လည်း
ပြည်သူ့ အာဏာ လုရဲတာပေါ့လေ

အာဏာလုပြီး ဖြစ်လာတဲ့
အကျိုးဆက်တွေ အပေါ်မှာလည်း
ကိုင်တွယ်ဖြေရှင်းနိုင်တဲ့
အရည်အချင်းက
ဗလာနတ္ထိ 

ရှေ့ကိုဆက်ပြီး
မထူးဇာတ်ခင်းတော့မယ့်
ပညာမဲ့တွေပါတကား 

အဲလောက်ထိ ဥာဏ်နည်းမှတော့ 
ဒီအာဏာရူးတွေလည်း 
မရှုမလှသေရမှာ ပိုသေချာတယ်

ဒီသွေးကြွေးကို ပြည်သူက 
ဆက်ဆက် လာတောင်းပါမယ် 

အဆုံးထိ ရန်ငါပြတ်ကြတာပေါ့



San Zuren 🌸

9 comments:

  1. အာဏာနဲ့ပက်သက်လာရင်စစ်တပ်မှာအရှက်အကြောက်ကင်းမဲ့သွားတာ။

    ReplyDelete
  2. အဆုံးထိ ရန်ငါပြတ်ကြတာပေါ့

    ReplyDelete
  3. အာဏရူးလက်နက်ကိုင်အဖွဲ့ ပါ ရန်ငါ ဖြတ်ပါပြီး

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...