Wednesday, July 13, 2022

နိုင်ငံ‌ရေးစက်ဝန်း

နိုင်ငံ‌ရေးစက်ဝန်း
-------------------------


နိုင်ငံရေးမှာ တိုင်းပြည်တည်ဆောက်ရေးထက် ကိုယ့်အုပ်စုအသာရရေးသာ ဇောင်းပေးလုပ်ကိုင်လာတဲ့သူတွေ များလာတဲ့အခါ တိုင်းပြည်ဟာ နိုင်ငံရေး၊ စီးပွားရေး အဖက်ဖက်က ယိုယွင်းလာတယ်

စစ်အာဏာရှင် သက်ဆိုးရှည်ရတဲ့အကြောင်းရင်းလို့လည်း တွေးမိလာတယ်

အယူအဆမတူရင် ရန်သူလို့သတ်မှတ်ထားကြတဲ့ အခင်းအကျင်းမှာ နိုင်ငံရေးအတွေးအခေါ်ခြားနားကြသူတွေကြားထဲ မိတ်ဆွေရင်းချာဆက်ဆံရေးဆိုတာ ဘယ်မှာ ရှာလို့ရနိုင်ပါတော့မလဲ

နိုင်ငံအကျိုးပြုသမား(state-man) ဆိုတာက တိုင်းပြည်နဲ့လူထုရဲ့အကျိုးစီးပွားကိုသာ အစဉ်ရှေ့ရှုတွေးဆပြီး လုပ်ကိုင်လေ့ရှိတယ်

နိုင်ငံရေးသမား(politician) ဆိုတာကတော့ ကိုယ်နဲ့ ကိုယ့်အုပ်စု၊ ကိုယ့်ဝါဒရဲ့ အကျိုးစီးပွားကိုသာ ဗဟိုပြုစဉ်းစား လုပ်ကိုင်တတ်တယ်

နိုင်ငံအကျိုးပြုသမားက နောင်မျိုးဆက်အထိ စဉ်းစားချိန်မှာ နိုင်ငံရေးသမားကတော့ နောက်သက်တမ်းတစ်ခုအတွက်သာ စဉ်းစားလုပ်ကိုင်လေ့ ရှ်ိတယ်

ယနေ့ နွေဦးတော်လှန်ရေးရဲ့တပ်ဦးကိုလည်း နိုင်ငံအကျိုးပြုသမားများကသာ ဦးဆောင်ပါစေလို့ ဆန္ဒပြုရင်း....



San Zuren 🌸

5 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...