Monday, July 11, 2022

လူအတွက်လူ

 လူအတွက်လူ

-----------------------
လူတွေကို
လူတွေက မကူညီရင်
ဘယ်နတ်က လာကူညီမှာလဲ
လူတွေကို
လူတွေက မစောင့်ရှောက်ရင်
ဘယ်ဂြိုဟ်သားက လာစောင့်ရှောက်မှာလဲ
လူလားမမြောက်ခြင်းများ
လူစဥ်မမီခြင်းများ
လူညွန့်တုံးခြင်းများ
လူဖြစ်ရှုံးခြင်းများ
ထိုလူများ မသေဆုံးမီ
လူကို လူချင်း ကူညီကြစမ်းပါ
လူကို လူချင်း စောင့်ရှောက်ကြစမ်းပါ ။
သင် လူတစ်ယောက်ဖြစ်ခဲ့တာ
သေချာချင်တယ် ဆိုရင်ပေါ့ ။ ။

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...