Thursday, July 7, 2022



စစ်ပွဲ 
--------


စစ်တိုက်ပြီဆိုရင်
ရှုံးချင်လို့ တိုက်ကြတယ်မရှိဘူး
နိုင်ချင်လို့ တိုက်ကြတာချည်းပါပဲ

​စစ်ဖြစ်ရင် သူနိုင်ကိုယ်နိုင်
တိုက်ကြပြီး
တရားတယ် မတရားတယ်
ဓမ္မ အဓမ္မ ဆိုတာ
စစ်ပွဲတွေ ပြင်းထန်လာရင်
အရေးသိပ်မပါတော့ဘူး

သေဆုံးကြ/ ပေးဆပ်ကြရသူတွေကတော့
အများစုက အရပ်သားတွေပါ

ဗုံးမိုးရွာရင် တစ်ရွာလုံး
တစ်မြို့လုံးပျက်စီးပြီးတော့
လူတွေ ထောင်ပေါင်းများစွာ
သေကျေပျက်စီးခဲ့ရတာမျိုးကိုကျ
သိပ်လူမသိကြဘူး

ဘယ်သူမှ  မျှော်လင့်မထားတဲ့
တိုက်စစ်တွေက
စစ်ပွဲတွေရဲ့ မြန်ဆန်တဲ့ အနိုင်အရှုံးကို
ဆုံးဖြတ်လေ့ရှိတယ်
နိုင်ချင်တိုင်းနိုင်မယ် ထင်တိုင်းတော့
စစ်နိုင်တာမဟုတ်ဘူး

နောက်ဆုံးတော့ 
စစ်ရေးမှာ
ခေါင်းဆောင်မှုကောင်းတဲ့ဘက်က
ဆုံးဖြတ်ချက်ကောင်းတဲ့ဘက်က
ဗျူဟာကောင်းတဲ့ဘက်က
အင်အားကောင်းတဲ့ဘက်က
နိုင်ကြတာပါ



San Zuren 🌸

4 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...