*ယဇ်ပူဇော်ပွဲ **
ဒဂုန်တာရာ
---------------
ကမ်ဘာဦးက
လူရိုင်းခေတ်အစ
မိမိဆန္ဒ၊ပြည့်ဝစေရန်
တိရစ္ဆာန်များ
သတ်ဖြတ်စားသောက်
တေးဆိုအော်ဟစ်
ဗုံသံနှဲသံ
ဆူညံပသ၊သမိုင်းအစ
အစဥ်အလာများ၊တိုးပွားလာခဲ့
ယနေ့ခေတ်မှာ
သည်သမိုင်းပါပဲ
မိမိဆန္ဒ၊ဖြည့်ရာစနစ်
စစ်ပွဲများစွာ
ဖြေရှင်းရာပါပဲ
ယဇ်ပူဇော်ပွဲမဟုတ်ပါလား။
ငါ၏ဒဿနမှာ
ငြိမ်းချမ်းရေးမှ
စီးဖြာကျလာ
အချစ်ငြိမ်းချမ်းရေး
ယဥ်ကျေးလှပ
ကမ္ဘာ့ငြိမ်းချမ်းရေး မဟုတ်ပါလား။ ။
*ဒဂုန်တာရာ *

Hello
ReplyDelete😊
ReplyDeleteအနီကောင်က ကြေညာ မတက်တော့ဘူးဗျ😔
ReplyDelete✅🥰
ReplyDeleteBe safe our heroes.
ReplyDelete