Friday, July 15, 2022

` ချစ်ခြင်းမေတ္တာဟာ ´ ... ဟာ
မှော်ဆရာတယောက်ရဲ့နိဂုံးလို
နောက်ဆုံးမှာ ...
မီးခိုးလုံးများ ဖြစ်သွားရော့မလား ... လို့
နှုတ်ခမ်းကိုက်ပြီး ... ငါ စဉ်းစားဖူးတယ် ။

လူငယ်တယောက်ကိုပြု စားဖို့
ဘယ်နတ်ဘုရားထံမှာ
နင့်လက်တွေ ဖြန့်ကားတောင်းခံခဲ့သလဲ ...
ငါ့ရာဇဝင် ခပ်ကျဲကျဲကို
ငရဲမီးထဲ တွန်းချလိုက်ချင်တယ် ။
သံယောဇဉ် ... ဆိုတာ
အရောဝင်လို့မကောင်းတဲ့ ခွေးကလေးပါပဲ ...။     ။

-တာရာမင်းဝေ
(မီးတောက်ရစ်သမ်မှ)

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...