*ကျဆုံးလေပြီးသောပန်းပွင့်များ **
ဒဂုန်တာရာ
__________________
*ဤမြေချာ၌
စကားဝါနံ့၊ယစ်ထုံပျံ့ခဲ့
သွေးနဲ့ ညှီနံ့ ၊ မေ့ဆေးနံ့နှင့်
ယမ်းနံ့မြမြသင်းရဘိ။
*ဤမြေချာ၌
ဖြူပြာဆန်းတင့်၊လှမျက်ပွင့်တို့
စစ်ဘုရင်မိန့်၊မိုးချုံးသိမ့်က
လူးလှိမ့်လဲကျ တိမ်းရဘိ ။
*ဤမြေချာ၌
ရာဇ၀င်မြောက်၊ မကြောက်ရဲရင့်
သွေးနှင့်အသိ ၊ လဲရရှိသည်
သတိပညာပေးခဲ့ဘိ။
*ဤမြေချာ၌
စစ်သံခွာတပ်၊ဖိနပ်ရာထင်
ပလ္လင်ယစ်ကွန်း၊ကျောက်တိုင်၀န်း၌
ညှိထွန်းဆီမီး ပူဇော်ဘိ ။
*ဤမြေချာ၌
ကျလာမျက်ရည် ၊ ပြည်သူတို့၏
ကွဲသည့်နှလုံး၊ မျိုသိပ်ဖုံး၍
မာလာဝိညာဉ်၊ အောင်လံတင်ပြီး
စည်းရုံးအားစု၊ လှုပ်ရှားမှုဖြင့်
ပြည်သူ့အာဏာဆင်ကြအံ့။ ။
#ဆရာကြီးဒဂုန်တာရာ

😞😞😞
ReplyDelete