Tuesday, July 12, 2022

အနေအထိုင်မတတ်မှုများ -

အနေအထိုင်မတတ်မှုများ - 

.
ကြယ်တွေ မရိုးမရွ
ကောင်းကင် ကျိုးကျတော့မယ်
မြေကြီးကို ရွှေ့ထားရရင် ကောင်းမလား

ခေါင်းတိုင်က မီးခိုးလို
ပါးစပ်အဟောင်းတွေထဲက
အသံဟောင်းတွေ ပေါ်ထွက်လာ
နားတွေလည်း ညောင်းလှပါပြီ

လမ်းဆိုးလို့ ယာဉ်ပျက်တာ
ဘယ်သူ့ကို စွဲချက်တင်ရမလဲ
မျိုးဆက်တခုလုံး ချကျွေးခဲ့တာတောင်မှ
ရှေ့ရေးက မကောင်းနိုင်သေးဘူး

မာယာများတဲ့ မြက်ခင်းပြင်ပေါ်မှာ
ကျင်းစိမ်ဖို့ ကြိုးစားမိသူ ဂေါက်ရိုက်သမား
ဒါဟာ အပြစ်လို့ ခေါ်လို့ရရင်
အပြစ်တင်ခံပါ့မယ်
ကျူးလွန်ခဲ့သမျှမှာ
ထူးချွန်ဖို့ပဲ လိုအပ်တယ် ။       

#လှသန်း

(ရနံ့သစ် ဇူလိုင် ၊ ၁၉၉၉)

6 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...