Wednesday, July 27, 2022

ပန်းတိုင်



ပန်းတိုင်
------------


အာဇာနည်‌တွေ 
သူရဲကောင်းတွေသည်
ပန်းခွေ ထက် 
ပန်းတိုင် ကို လိုချင်ခဲ့ကြတာပါ

ဒါကြောင့် ပန်းတိုင်ရောက်အောင်
ကြိုးစားနေတဲ့ လက်ရှိသူရဲကောင်းတွေကို
ထောက်ပံ့ကြပါတော့
တော်လှန်ရေးမှာ ပါဝင်ပေးကြပါတော့

အခုအခြေအနေကမှ
တိုင်းပြည် ချောက်ထဲကျဖို့
တကယ် လက်တလုံးအလိုလေးပါပဲ

အာရုံစိုက်ရမှာ ဖေ့ဘုတ်ပေါ်က 
အပုပ်သတင်းမဟုတ်ဘူး

"နိုင်ငံတော်ရဲ့ အပုပ်သတင်း"

နိုင်ငံတော်ရဲ့ အပုပ်သတင်းကသာ
တမျိုးသားလုံးရဲ့
အနာဂါတ်အတွက် ရင်လေးစရာပါ

စစ်တပ်အာဏာရှင်သန်ဖို့
တိုင်းပြည်ဟာသေပေးရမယ့်
အနေအထားကို ရောက်နေပြီ

ယခုအချိန်ထိ တွေဝေနေဦးမယ်ဆိုရင်တော့
သင်တို့နဲ့ ထိုက်တန်တဲ့ အုပ်ချုပ်သူကိုသာ
သင်တို့ မလိုချင်ဘဲ လက်ခံရလိမ့်မယ်



San Zuren 🌸

10 comments:

  1. စစ်တပ်အုပ်ချုပ်နေသ၍မြန်မာပြည်ကရင်လေးစရာပါ။

    ReplyDelete
  2. ခွေးနေရာ မရတော့ ဖြစ်နေကြပါပြီးလို့ထင်ပါတယ် မအလ ဂိတ်ဆုံး မိုက်လုံးကြီးနေတာ နေရာမမှန်တော့လို့ပဲဗျ

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...