"အာဇာနည်မျိုး သေရိုးမရှိ"
ဒေါင်းအလံ ကျောင်းယံတလွှားမှာဖြင့်
ကောင်းအကြံ ပေါင်းရန်ထားပါလို့
အကြောင်းမှန် စကားလည်း ဆိုနေပေါ့
ညီအစ်ကိုတွေ နီစို့သွေးတွေနဲ့
ဒီမိုကရေစီ ဒို့အရေးပါတဲ့
ဟစ်ကြွေးကာ ဒေါင်းအဖော်များရယ်ကွယ်
ကျောင်းတော်သားတွေက တွန်သံကြူး ။ ။
သြော်..
ဘဝအကျိုးပေးလေလား
`ဖ´တဆိုးလေးတွေ ပထွေးလက်ထက်မှာတော့
သွေးပျက်စရာ အမှောင်တွင်းဆီသို့
ထောင်သွင်းကာ နောင်ဆိုမှတ်စေဖို့
အတောင်ကိုဖြတ် လည်ကိုလိမ်လို့
ဘယ်လိုနှိမ် ဘယ်လိုသတ်သော်လည်း
တကယ်ကိုမရပ်တဲ့ ဘာမထီပါ
အာဇာနည်ဟာ နှစ်ခါမသေဘူး
ဗမာပြည်မှာ ကမ္ဘာမကြေဘူး။
အပေါင်းအသင်းတို့ရေ
အဟောင်းအမြင် အသိုးတွေ ရန်နှောက်ပါလို့
မကောင်းသတင်းအမျိုးမျိုးတွေ တန်ပြန်ခြောက်စေဦး
ဒေါင်းမင်းအိုးဝေအလံအောက်မှာဖြင့်
အသံမပျောက်စေကြောင်း။
ဟေ့..
ကပြီဆို တကယ်လှတဲ့ဒေါင်း
ချပြီဆို တကယ်ချမယ့်ဒေါင်း။
-မင်းလူ

အာဇာနည်မျိုးသေရိုးမရှိ
ReplyDeleteကဗျာတစ်ပုဒ်နဲ့ ထောင်ခုနစ်နှစ်ကျခဲ့တဲ့ဆရာ
ReplyDeleteသူကထောင်ကျခဲ့တာကို ပြန်လွတ်လာတော့ ထောင်ထဲမှာလို့မသုံးဘူး အထဲမှာတုန်းက အထဲမှာတုန်းက လို့ပဲသုံးတယ်တဲ့
ဆရာ့ကို မောင်ချောနွယ်နဲ့တွဲပြီး လွမ်းပါတယ်
ခွေးတွေကတော့ မသေခင်ကပုပ်နေတာ😁
ReplyDeleteThank for sharing
ReplyDeleteအာဇာနည်တွေမလိုချင်တော့ဘူး😟
ReplyDeleteအာဇာနည်တွေ ထပ်မလိုချင်တော့ဘူး
ReplyDeleteThis comment has been removed by the author.
ReplyDeleteများများ ကလစ်ပြီး ခွေးမောင်းကြမယ်
ReplyDelete