အသက်တစ်ချောင်း ရှင်သန်ရေး
လူစျေးထက်
သေနတ်က စျေးတက်
ခေတ်ပျက်ကြီးထဲမှာ ။
လယ်သမား စပါးရှာမတွေ့
အလုပ်သမား လုပ်အားပျောက်
စစ်စုံထောက်တွေ ကြီးစိုး
သူခိုးတွေသာ ခေတ်ထ
ဝေမျှစားသောက် မှောက်မှောက်မှားမှာ
မတရားတဲ့ ခေတ်ကြီးမှာ ။
တက္ကသိုလ်ကြီးတွေ သင်္ချိုင်းရောက်
ပလတ်စတစ်စုတ် ကောက်နေရတဲ့ တို့ကလေးငယ်
ထွက်ပေါက်လွယ်ပါ့မလား ။
#ဆရာကြီးတင်မိုး
Be safe
ReplyDeleteမလွယ်လှဘူး ။
ReplyDelete