သေနိုင်တယ် ရှင်နိုင်တယ် ဆိုတာမျိုးမဟုတ်ပါဘူး
သေဖို့ တလမ်းထဲ ရှိတဲ့ခရီး
လက်ဖြောက်တီးပြီး ရွေးသွားကြတာပါလား...
အသေခံ ဗုံးခွဲသွားတာမဟုတ်ဘူးဗျ
အသေခံ အသဲခွဲသွားကြတာ၊
ကျန်ရစ်သူတွေမှာ
ကျောထဲ စိမ့်...စိမ့်...ပြီး
မျက်ရည် တွေတွေ ကျရတယ်။
ကြယ်နဲ့မတန်တဲ့ မြေကြီးမှာ
.......... ရှင်ပြီးသေရင်း ကျန်ခဲ့တယ်။ ။
ရင်သွေး
No comments:
Post a Comment