ကြယ်ကြွေ ည
ရဲဘော်...
နေလိုရာနေ စေလိုရာစေသမျှ
မင်း ထမ်းဆောင်ခဲ့တဲ့ တာဝန်တွေ
တိုင်းပြည် အပေါ် ကျေ ခဲ့ပါတယ်လေ
တိုင်းပြည်က လိုတော့လည်း
မင်းဟာ အသက်ကို ရင်းတယ်
မလိုတော့လည်း မင်း
အတင်းတွယ်ကပ် မနေခဲ့ဘူးရယ်။
အာဏာရှင် စနစ်ဆိုး အောက်
ဒူးမထောက်ဖို့ မင်းပြောခဲ့သမျှ
ငါတို့ ဘယ်အခါမှ မမေ့ ပျောက်ပါ။
ရဲဘော်ရေ....
ဆေးလိပ်တိုတစ်လိပ် အတူသောက်ဖော်
ဂီတာတစ်လက် နဲ့ အတူပြုံးပျော် ဖူးတဲ့
မြိန်ရာ ဟင်းကောင်း တစ်ခွက်
ငါတို့အတွက် ဆုံးရှုံးခဲ့သလို
တိုင်းပြည် အတွက်တော့ သူရဲကောင်း တစ်လက်
လမ်းတစ်ဝက် ပျောက်ရှသွားခဲ့လေခြင်း...။
# သျှမ်း
No comments:
Post a Comment