Wednesday, June 22, 2022



လိပ်ပြာလုံလား
---------------------

လိပ်ပြာလုံလား မေးစရာမလို
တခြားသူတွေ
လိပ်ပြာလုံခြင်း မလုံခြင်းက
သူတို့ကိစ္စ

လိပ်ပြာလုံလား လို့လည်း
လိုက်မေးမနေ မေးဖို့လည်းမလို

လိပ်ပြာလုံခြင်း မလုံ​ခြင်း ကိစ္စက
ပြိုင်ဆိုင်စရာ ဝါကြွားစရာလည်းမဟုတ်
ကိုယ်ကျင့်ကိစ္စသာ

သူ့အကြောင်း ကိုယ်အလုံးစုံမသိသလို
ကိုယ့်အကြောင်းသူလည်း
အလုံးစုံမသိနိုင်
သူပြောသလောက် ကိုယ်မြင်သလောက်
ကိုယ်ပြောသလောက် သူမြင်သလောက်သာ

ကိုယ်အကျင့် ကောင်းမကောင်းဆိုတာကသာ
ကိုယ့်တန်ဖိုးကို ပြဌာန်းတာမို့
ကိုယ်ကောင်းဖို့ ကိုယ်ကြိုးစား
ကိုယ်သတိထားနိုင်ရေးက လိုရင်း
ကိုယ့်တာဝန်
သူ့ကိစ္စ သူ့တာဝန်သည် 
ကိုယ်နဲ့မဆိုင်ပါ

နေ့ရက်တိုင်းမှာ
လိပ်ပြာလုံသူ လွတ်လပ် ရဲရင့်ပြီး
လိပ်ပြာမလုံသူမှာ
အမြဲ စိုးရိမ်ထိတ်လန့် ကြောက်ရွံ့နေရတတ်တယ်



San Zuren 🌸

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...