Tuesday, June 7, 2022

အောင်မြင်တဲ့ထိလုပ်မယ်


အောင်မြင်တဲ့ထိလုပ်မယ်


အလုပ်တစ်ခုလုပ်ရင်
လုပ်နိုင်ပါ့မလား မသိဘူး
ဖြစ်လောက်မှာပါဆိုပြီး 
ချိတုံချတုံစိတ်နဲ့ မလုပ်ပါနဲ့

အဲဒီစိတ်နဲ့ဆို သေချာတယ် မဖြစ်ဘူး
အဲဒီ ဇဝေဇဝါ မပြတ်သားတဲ့ စိတ်ကြောင့်
အခက်ခဲတွေ့တာနဲ့ လက်လျော့တတ်ကြတယ်

ငါသေချာပေါက်ဖြစ်ရမယ်
ငါလုပ်နိုင်တယ် လို့ စိတ်ပိုင်းဖြတ်ထားမှသာ အခက်အခဲကြုံလာရင် ကျော်လွှားနိုင်တာပါ

လူအများကြီးတွေ့ခဲ့ပြီးပါပြီ

စကတည်းက “မဖြစ်နိုင်ပါဘူး” လို့ တွေးထားတဲ့ လူက ဘာမှ မစဖြစ်သလို
“စမ်းကြည့်ဦးမယ်.. အဆင်ပြေရင်ဆက်လုပ်မယ်” ဆိုတဲ့ သူတွေက အခက်ခဲတွေ့ရင် လက်လျော့သွားကြတယ်

အဲဒီတော့ လုပ်မယ်လို့ ဆုံးဖြတ်ပြီးရင်
 “အောင်မြင်တဲ့ထိလုပ်မယ်” လို့ 
စိတ်ပိုင်းဖြတ်ပြီး စတင်ပါ

San Zuren 🌸


No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...