သတိရစိတ်
------------------
တကယ်တော့ သတိရစိတ်ဆိုတာ
နေသားကျခြင်း မကျခြင်းနဲ့မဆိုင်
သတိရစိတ်ဆိုတာ တပ်မက်လိုစိတ်
ပြန်ရလိုစိတ် နောင်တစိတ်တွေ
ပါကောင်းပါနိုင် ပါချင်မှလဲပါမယ်
လူကိုဖြစ်ဖြစ် အကြောင်းအရာကိုဖြစ်ဖြစ်
ပျော်ရွှင်တဲ့အခိုက်အတန့်ကိုဖြစ်ဖြစ်
နာကျင်ရတဲ့အခိုက်အတန့်ကိုဖြစ်ဖြစ်
စိတ်ထဲနှစ်ဝင်လာတဲ့ နွေးထွေးမှုတွေပဲ
ချစ်စိတ်ဟာ ဆန်းကြယ်သလို
သတိရစိတ်လည်း တခါတခါ ဆန်းကြယ်သား
ကိုယ်ပိုင်ဘဝထဲကနေ ကိုယ်မပိုင်တဲ့ဘဝကို
ဘာရလိုစိတ်မှမရှိပဲ သတိရနေတတ်တာ
လေပြေညှင်းလေး ကိုယ့်ဘေးဖြတ်ချိန်
လေပြင်းညှင်းလေးပါ ဆိုတဲ့ အသိမျိုးပေါ့
တမ်းတမ်းတတ သတိရတတ်ပေမယ့်
ပြန်ရလိုစိတ်မဟုတ်ပဲ တွေးလိုက်တိုင်းမှာ
နွေးထွေးနေတာ
San Zuren 🌸
No comments:
Post a Comment