Sunday, June 19, 2022



တိမ်တွေကြားက မြင်ရသည့် မြန်မာပြည်

ပျော်ရွှင်ပါစေလို့လည်း မဆုတောင်းချင်ဘူး
​လောင်းရိပ် ဝေးကွာနေတဲ့  
လူငယ်လေးတစ်ယောက်
ဒီခရီးမှာ  မောပန်းတော့လည်း
နားခိုရာအရိပ်တော့  တမ်းတမိသား
  
ကံကော်ပွင့်တွေ  တွေ့တော့ 
သတိရစိတ်လေးက အပြေးအလွှားရောက်မိ

အရာရာကိုကြောက်နေတတ်တဲ့
လူငယ်လေးတောင်  အမှန်တရားအတွက်
ကစားပွဲကို အလဲထိုး စိန်ခေါ်နေပြီ

မျောလွင့်လျက်ရှိတဲ့ ရေအလျင်လို
အတွေးတွေနဲ့အတူ
စီးမျောလို့ သွားကြည့်လိုက်ရင်
သမိုင်းဆိုတာလည်း  ငါတို့ကိုမလိမ်ဘူး
ငါတို့ကတော့ သမိုင်းကို 
ပြန်လိမ်ချင်လိမ်တတ်တယ် 

သွေးမခြောက်သေးတဲ့ကျောင်းဖြူဝတ်ကိုစွပ်
ကမ္ဘာလောကကြီး ဘာဖြစ်နေနေ 
မဆိုင်ရာ လွတ်ကျွတ်
ကိုယ့်ကိုယ်ကိုလိမ်ခြင်းအတတ်ကို 
သင်ဖို့ ကျောင်းကိုလွှတ်ကြတယ်

အသားထဲက  လောက်ထွက်လာတာ
အသေကောင်လိုတိုင်းပြည်မှာ 
ဒါဘာမှမထူးခြား
ခေါက်ရိုးကျိုးနေတဲ့ ဇာတ်လွဲပြဇာတ်
အစုတ်ကြီးလို  ကတော့ကနေကြ 
ကြည့်ဖွယ်ရာတစ်ခုမရ

မှိုင်းပျပျ ကောင်းကင်ထက်မှာ
အိပ်စက်လို့သွားနှင့်ကြတဲ့
အမေ့သားသမီးတွေမနိုးခင်လေး

တော်လှန်ရေးကို အောင်နိုင်ခြင်းနဲ့ပဲ
အဆုံးသတ်ရအောင်လေ.....

Tommy & ThaeNu

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...