မင်းဘဝရဲ့
အခိုက်အတန့်တိုင်းကို လိုက်ကြည့်တဲ့အခါ
ကိုယ့်ကိုမြူမှုန်စအဖြစ်တွေ့ရမယ်
ကိုယ့်ဘဝရဲ့
အခိုက်အတန့်တိုင်းကို လိုက်ကြည့်ရင်တော့
မင်းကိုကမ္ဘာတစ်ခုအဖြစ်တွေ့ရပါ့မယ်
အစကတည်းက မဖြစ်ခဲ့သင့်တဲ့
ဆက်ဆံရေးတွေဘဲ ဝေးသွားတော့လည်း
အရပ်သုံးစကားနဲ့ဘဲဖြေသိမ့်ကြတာပေါ့
ကံပါသလောက်ပေါ့.....
-ကျွန်တော်
No comments:
Post a Comment